
မန္တလေး ရန်ကုန် ဗုဒ္ဓတက္ကသိုလ် တည်ထောင်သူ ဆရာကြီးဦးမြင့်ဆွေ (မဟာဝိဇ္ဇာ၊လန်ဒန်)၏ ကွယ်လွန်ခြင်း ၁၀နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနား၌ အောင်ဗုဒ္ဓတက္ကသိုလ်အဓိပတိဆရာတော်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ၊ မန္တလေးတိုင်းဥက္ကဋ္ဌဆရာတော်တို့ကသြဝါဒကထာများမိန့်ကြားကြပြီး လှူဖွယ်ဝတ္ထုများလှူဒါန်းပြီးနောက် ဆူခါးဆရာတော်ကရေစက်ချအနုမောဒနာခြီးမြှင့်ကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုလျက် အခမ်းအနားကို ရုပ်သိမ်းပါသည်။ဆက်လက်၍ကျောင်းသူကျောင်းသားများက အောက်မေ့ဖွယ်အမှတ်တရကဗျာများ ဖတ်ကြားခဲ့ကြပါသည်။