ဆရာကြီးဦးမြင့်ဆွေ (မဟာဝိဇ္ဇာ၊လန်ဒန်)၏ ကွယ်လွန်ခြင်း၁၀ နှစ်မြောက် အထိမ်းအမှတ်

Written by shwe

မန္တလေး ရန်ကုန် ဗုဒ္ဓတက္ကသိုလ်များကိုတည်ထောင်သူ ဆရာကြီးဦးမြင့်ဆွေ (မဟာဝိဇ္ဇာ၊လန်ဒန်)၏ ကွယ်လွန်ခြင်း၁၀ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒေါ်တင်တင်(ဆရာကြီး၏ဇနီး)ကိုအမှူးပြု၍   ဦးတင်မောင်လင်း+ဒေါ်သက်သက်ဆွေ၊ ကိုတင်မောင်ဆွေ+မသီတာထွေး၊ကိုအောင်လွင်+မနီလာဆွေ၊ ကိုသိဒ္ဓိဆွေ+မဘောက်နူး သားသမီးမြေး တစ်စုတို့ကဝါးခင်းကုန်းဆရာတော်၊ မန္တလေး တိုင်းဥက္ကဋ္ဌ ဆရာတော်၊ မန္တလေး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် မဟာမြေ ၊မစိုးရိမ် ဦး​ဉေယျ ဆရာတော်၊စသော ဗုဒ္ဓတက္ကသိုလ်သြဝါဒါစရိယဆရာတော်များနှင့် မဟာအောင်မြေ၊ ချမ်းအေးသာစံ မြို.နယ်ဥက္ကဋ္ဌဆရာတော်များ၊ဗန်းမော်တိုက်အုပ်ဆရာတော် ၊ဗန်းမော်တိုက် သံဃာတော်၊  မန္တလေးဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် ဒုပါမောက္ခချုပ် မော်ကွန်းထိန်း ကထိက ဆရာတော်များအား နေ့ဆွမ်းကပ်လှူခြင်း၊လှူဖွယ်ဝတ္ထုအစုစုတို့ကိုလှူဒါန်း ပူဇော်ခြင်း၊ ဧည့်ပရိတ်တို့အား ဧည့်ခံ ကျွေးမွေးခြင်းများ  ပြုလုပ်၍ ဆရာကြီးအတွက် အမျှပေးဝေကြပါသည်။