စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာ`အောင်မင်္ဂလာ´ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဣန္ဒက ၏ စီစဉ်ဆောင်ရွက် ထောက်ပံ့ချီးမြှင့်ပေးမှုဖြင့် မန္တလေး-ရန်ကုန် ဗုဒ္ဓ တက္ကသိုလ်ဝင် အခြေခံတန်း ကို ခေတ်မီ၍ ရိုးရှင်းလွယ်ကူပြီး တတ်သိနားလည်လွယ်သော စနစ်ဖြင့်
- P-ပါဋိဘာသာ,
- A-အဘိဓမ္မာဘာသာ,
- B-ဗုဒ္ဓဘာသာအလင်းပြ,
- E-အင်္ဂလိပ်စာ
ပညာရပ်တို့ကို နိုင်ငံတကာပညာရှင်များ လေ့လာသင်ယူနည်းစနစ်အတိုင်း ဗုဒ္ဓတက္ကသိုလ် ပါမောက္ခဆရာတော်များ၊ ကထိကဆရာတော်များနှင့် ဆရာလေး ဒေါ်သီရိစန္ဒာ (အဂ္ဂမဟာကျော် M,A) တို့က ပို့ချသင်ကြားပေးလျက် ရှိပါသည်။
(က) ငယ် , လတ်, ကြီး တန်းအားလုံးနှင့် အငယ်တန်း အခြေခံသင်ကြားနေသော ရဟန်း၊ ကိုရင်၊ သီလရှင် ဆရာလေးများ၊
(ခ) ပညာလိုလားသော ကျောင်းဆရာ, ဆရာမများ ဝန်ထမ်းများနှင့် အမျိုးသမီး, အမျိုးသားများ တက်ရောက်သင်ယူနိုင်ပါသည်။
"မြေပုံလမ်းညွှန်"