၂၀၁၈ ခု ပညာသင်နှစ် စတင် ဖွင့်လှစ်ခြင်း အခမ်းအနား

Written by MBU admin

   မန္တလေး ဗုဒ္ဓတက္ကသိုလ်၏ ၂၀၁၈-ခု ပညာသင်နှစ်အတွက် ကျောင်းစတင်ဖွင့်လှစ်ခြင်း အခမ်းနားကို ၁၃၈ဝခုနှစ် နတ္တော်လပြည့်ကျော် (၁)ရက် (၁၃-၁၂-၂၀၁၈) တနင်္ဂနွေနေ့ မန္တလေးဗုဒ္ဓတက္ကသိုလ် တည်ရှိရာ မြို့လယ် ဆူးခါးကျောင်းတိုက် ပထမနှစ် စာသင်ခန်းမဆောင်၌ ကျင်းပရာ ကျောင်းသားဟောင်း ကျောင်းသားသစ်များ တက်ရောက်ကြပြီး မန္တလေး ဗုဒ္ဓတက္ကသိုလ် သြဝါဒါစရိယ မြို့လယ်ဆူးခါးတိုက် ဆရာတော်််် ဦးနန္ဒိမာ၊ ဒုတိယပါမောက္ခချုပ် ဆရာတော် ဦးဥတ္တမ၊ မော်ကွန်းထိန်း ဆရာတော် ဦးပညောဘာသ(ဆူးခါး)၊ ဒုတိယ မော်ကွန်းထိန်းဆရာတော် ဦးကောသလ္လ တို့က သြဝါဒစကားများ အသီးသီး မိန်ုတော်မူကြပါသည်။