
၂၀၁၈ ခု၊ ဒီဇင်ဘာ ၁၇ ရက်
မန္တလေးဗုဒ္ဓတက္ကသိုလ်မှ ပြည်ပသို့ ပညာသင်သွားရောက်ကြသော ကျောင်းသားများ၊ မန္တလေးဗုဒ္ဓတက္ကသိုလ်ကို တက်ရောက်လိုသူ ရဟန်းရှင်လူ ပြည်သူအများနှင့် လေ့လာလိုကြသောသူများ အထောက်အကူ ဖြစ်နိုင်စေရန် ရည်ရွယ်၍ တက္ကသိုလ်၏ ဆောင်ရွက်မှု၊ သင်ကြားပေးမှုများကို စုစည်းဖော်ပြထားသော မန္တလေးဗုဒ္ဓတက္ကသိုလ်၏ website ကို www.mdybuddhistuniversity.org အမည်ဖြင့် ကိုဝင်းမင်းထွန်း+မ၀ါဝါမြင့်ထွန်း Central Host Myanmar Co.,Ltd မိသားစုမှ ဓမ္မဒါနအဖြစ် ကုသိုလ်ပြု ရေးသား လှူဒါန်းခဲ့ပါသည်။
ထို website တွင် မန္တလေးဗုဒ္ဓတက္ကသိုလ်၏ သမိုင်းကြောင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံ၊ သင်ကြားရေး စနစ်များနှင့် ပေးအပ်သော ဘွဲ့ ဒီဂရီများ၊ ထုတ်ပြန်ကြေငြာချက်များ၊ လှုပ်ရှားမှု သတင်းများ၊ နှစ်အလိုက် အောင်စာရင်းများ၊ ၀င်ခွင့်လျှောက်လွှာဖောင်များနှင့် အခြားသော လျှောက်လွှာဖောင်များ၊ တက္ကသိုလ် တက်ရောက်ရန် လိုအပ်သော အချက်များ၊ တက္ကသိုလ် ကျောင်းခွဲများအကြောင်း စသည်ဖြင့် ဖော်ပြထားပါသည်။
